Zkar ပင်မစာမျက်နှာသို့

macOS တွင် Zkar App ကို Install လုပ်နည်း

Apple Notarization မရှိသေးသော App များကို စိတ်ချရစွာ Install & Run လုပ်ရန်အတွက် အောက်ပါ လမ်းညွှန်ချက်များကို အတိုင်းပြုလုပ်ပေးရပါမည်။

1

zkar-macos.dmg File ကို အရင်ဆုံး Download ယူပါ

zkar-macos(.dmg) ကို Safari သို့မဟုတ် Chrome မှ Download ဆွဲပါ။ Download ပြီးသည့်နောက် Finder > Downloads ထဲတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။

2

DMG File ကို ဖွင့်ပြီး Zkar App ကို Applications ထဲသို့ ဆွဲထည့်ပါ

Download လုပ်ထားသော Zkar.dmg ကို Double-click နှိပ်ပြီးဖွင့်ပါ။ ပေါ်လာသော Window မှ Zkar.app ကို Applications Folder Shortcut ထဲသို့ Drag & Drop လုပ်ပါ။

3

ပထမဆုံးဖွင့်သည့်အခါ Gatekeeper ကို Allow ပေးပါ

Applications ထဲမှ Zkar ကို ဖွင့်သော်လည်း “App ကို ဖွင့်လိုက်ပါက Apple မှ စစ်ဆေးထားခြင်းမရှိ” ဟု ပေါ်လာပါက Cancel ကို နှိပ်ပါ။ ထို့နောက် System Settings > Privacy & Security အောက်ရှိ “Zkar TV was blocked…” ဆိုသည့်စာသားထဲမှ Open Anyway ကို နှိပ်ပါ။

4

အပေါ်က အဆင့်ပြီးပါက Zkar App ကို ပြန်ဖွင့်ပေးပါ

“Open Anyway” နှိပ်လိုက်ပြီးနောက် ဒုတိယအကြိမ် ဖွင့်သည့်အခါ macOS မှ “Are you sure you want to open it?” ဟု မေးမြန်းပါက Open ကို ရွေးပါ။ ထို့နောက်မှစ၍ Gatekeeper သတိပေးချက် မပြသတော့ပါ။

5

Launchpad မှ ဖွင့်ပြီး Login ဝင်ပါ

Launchpad သို့မဟုတ် Spotlight မှ Zkar ကို ရှာဖွေဖွင့်ပြီး သင့်အကောင့်ဖြင့် Login ဝင်ပါ။ Gatekeeper သတိပေးချက်များ မထပ်ပေါ်စေရန် App ကို Applications Folder အတွင်းမှသာ ဖွင့်ပါ။

အသိပေးချက်

  • macOS Ventura နှင့် Sonoma အထိ စမ်းသပ်ပြီးဖြစ်ပါသည်။
  • ပထမဆုံးဖွင့်ချိန်တွင် အင်တာနက်ချိတ်ဆက်ထားရန် လိုအပ်ပါသည်။
  • App ကို ဖြုတ်ချင်ပါက Applications ထဲမှ Zkar ကို Trash သို့ ရွှေ့ပြီး Trash ကို Empty လုပ်ပါ။